တောင်ငူ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်နှင့်မြို့နယ်အတွင်းရှိ အမှုထမ်းများ သတင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း(၁/၂၀၂၄)ကို ဇွန် ၁၁ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကာ ယနေ့ညနေ(၄)နာရီအချိန်က တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ သင်တန်းဆင်းပွဲကျင်းပသည်။
ထိုသို့ သင်တန်းဆင်းပွဲကျင်းပရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး အခမ်းအနားအား ရုတ်သိမ်းသည်။ အဆိုပါသင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များ၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်များ၊ သတင်းတည်းဖြတ်ရာတွင် အလေးထားရမည့်“စံ” သတ်မှတ်ချက်များ၊ သတင်းရေးသားခြင်း၊ သတင်း၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံနှင့် သတင်းအရင်းအမြစ်များတို့ကို သင်ကြားပို့ချခဲ့ပြီး ရေတာရှည်မြို့နယ်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်ထက်က သတင်းဗီဒီယိုတည်းဖြတ်နည်းနှင့် ဖြူးမြို့နယ်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ (အင်အားပြ) ဦးနေမျိုးလွင်က သတင်းလိုက်ခြင်း၊ Email ဖြင့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယို သတင်းပေးပို့နည်းတို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချသည်။
အဆိုပါသင်တန်းအား ဇွန် ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း(၇)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)