ပုသိမ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပုသိမ် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွန်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး  ပြိုင်ပွဲသို့ ပုသိမ်တက္ကသိုလ် ဘာသာရပ်ဌာနများမှ အမျိုးသား၊ အမျိုးသမီးအသင်း (၇)သင်းဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ရာ တစ်ဦးချင်းပြိုင်ပွဲ (ကျား/မ)၊ နှစ်ယောက်တွဲပြိုင်ပွဲ (ကျား/မ)နှင့် အသင်းလိုက်(ကျား/မ) ပြိုင်ပွဲများကို ဇွန်လ ၁၄ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)