မြို့သစ် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဥ်ဖြင့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board ကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့၊ စာတိုက်လမ်း၊ မီးသတ်ဦးစီးဌာနရုံးရှေ့၊ မြို့မစျေးကြီးအနီးတွင် စိုက်ထူခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းပသိပညာပေး Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄-ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ စာတိုက်လမ်းနှင့် မြို့မစျေးကြီးအတွင်းရှိ စျေးရောင်း/စျေးဝယ်သည့်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)