ဗန်းမော် ဇွန် ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ နောင်ခိုရပ်ကွက်ရှိ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇွန်လ ၁၅ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအနေဖြင့် ဗန်းမော်နယ်မှ တပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး ဦးဆောင်ပြီး ဗန်းမော်၊ မိုးမောက်၊ မံစီ၊ လွယ်ဂျယ်နှင့် ဒေါ့ဖုန်းယန်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်သွားလမ်း (ဗန်းမော်-နောင်လိုက်-တာဆိုင်လမ်း)လမ်းဘေးဝဲ/ယာရှိ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သစ်ကိုင်းခြောက်များ ရှင်းလင်းခြင်း၊ နဂါးရုံဘုရား တည်ထားကိုးကွယ်ထားသည့် ကန်သာယာကို လည်း သန့်ရှင်းရေးပြုလုပ်ခြင်း စသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက်နေခြင်းကို အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်လတ်တို့က လှည့်လည်ကြည့်ရူအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သူများအား ပေါင်မုန့်၊ ကော်ဖီ၊ ကြာဇံချက်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်းအင်အား (၂၀၀) ဦးခန့် ရှိကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)