ကျုံပျော်တွင်  တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်းကုသခြင်းများ ဆောင်ရွက်

ကျုံပျော် ဇွန်  ၁၇

ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ၊ ဓမ္မာရုံစာကြည့်တိုက်၌ ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျုံပျော်မြို့ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော်နှင့် ဒု-ဆေးရုံအုပ်တို့က ရပ်ကွက်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့်ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ မိမိတို့ ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား သတင်းစကားဖြန့်ဝေခြင်းများ ဆောင်ရွက်သည်။

ထို့နောက် ဆေးရုံအုပ်ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က  ရပ်ကွက်အတွင်းရှိ ဆေးဝါးလာရောက်ပြသသော ပြည်သူများအား  တစ်ဦးခြင်းအလိုက် ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ကာ တိုင်းရင်းဆေး အခမဲ့ကုသခြင်း၊ ဆေးဝါးအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင် ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်အတွက် ပြည်သူများ ဝမ်းမြောက်ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)