ငါးသိုင်းချောင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၂/၂၀၂၄)ကို ယနေ့နံနက် (၉) နာရီအချိန်ကဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးနှင့်ဆရာမကြီး ဒေါ်တင်တင်ဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ငါးသိုင်းချောင်းမြို့အသင်းခွဲငယ်ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းအား ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူ (၈၀) ဦးတက်ရောက်ကာသင်တန်းကာလမှာ (၁၇/၁၉/၂၀.၆.၂၀၂၄)(၃)ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အခြေခံရှေးဦးပြုစုနည်းများကို စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)