ဘားအံခရိုင် (Community Centre) တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဘားအံ ဇွန် ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း၊ အမှတ် (၃၁) မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ အမှတ် (၃၁) မူးယစ်တပ်ဖွဲ့စု ဒုရဲမှူး အောင်မြင့်ဝင်းက မူးယစ်ဆေးဝါးဆိုသည်မှာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များဖြစ်ပွားနိုင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများအကြောင်း ဟောပြောခဲ့ပြီးနောက် ဘားအံမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၅၂) ဦးတို့က “ဉာဏ်ရည် လည်းရှုံး လူညွန့်တုံး”၊ “စည်းလုံးတိုက်ပစ် ထိုမူးယစ်” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                                                                                                                                                           

ခရိုင်(ပြန်/ဆက်)