မိုးနဲ ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု တောင်သူဦးသန်းထွန်း စိုက်ပျိုးထားသော လယ်သီးထပ်(ရေဆင်း-၁၅)ပဲပုပ်စိုက်ခင်းများကို ယနေ့နံနက် ၈ နာရီအချိန်က စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဲပုပ်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်ဆင်း၍ ပဲပုပ်စိုက်ခင်းရိတ်သိမ်းနေမှုနှင့် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အမိုးအကာရှိသည့် နေရာတွင်သယ်ယူချွေလှေ့ထားမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယခုနှစ် ပဲပုပ်ရိတ်သိမ်းချိန်တွင်း တစ်ပိဿာကျပ် ၂၅၀၀ မှ ၃၀၀၀ အထိဈေးရရှိကြောင်း တောင်သူ ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)