မင်းလှမြို့နယ် မလွန်ကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသပေးခြင်း ဆောင်ရွက်

အထက်မင်းလှ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲက မလွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်‌ဆေးဝါးအန္တရာယ်အကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိစေသော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံနှင့် လက်‌ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့က ကျေးရွာနေပြည်သူ (၄၀)ဦးအား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေး နှစ်သိမ့်ဆွေး‌နွေးပေးပြီး တိုင်းရင်းဆေးဖြင့်ဆေးကုသ စောင့်ရှောက်ပေးခဲ့ သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအကြောင်းစသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။                                                                                                                                   

ဇာဇာ(အထက်မင်းလှ)