လားရှိုး ဇွန် ၁၇
လားရှိုးဂေါက်ကလပ် စိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက လားရှိုးဂေါက်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ လားရှိုးဂေါက်ကလပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဂေါက်သီးအားကစားသမားများ၊ ဂေါက်ကွင်းဝန်ထမ်းများတက်ရောက်ကာ တပျော်တပါး သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ဂေါက်ကွင်းအတွင်း သာယာလှပရေးအတွက် သီးပင်၊ စားပင်၊ ပန်းအလှပင်ပေါင်း ၃၀၀၀ ကျော် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မိုးရာသီတွင်လည်း လားရှိုးဂေါက်ကွင်းအတွင်းတွင် ပျိုးပင်ပေါင်း ၅၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)