ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူး ဇွန် ၁၇

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်င်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း ပဲခူးတိုင်းဒေသကြီး တိုင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် စာရေးဆရာမ တ်ရည်ခင်နှင့် တရားလွှတ်တော်ရှေ့နေ ဦးစိုင်းဏ္ဏဇော်တို့က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှုရရှိလာမည့် ဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်ကြည်င်းက  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ပဲခူးတိုင်း ဒေသကြီး တိုင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် စာရေးဆရာမ တ်ရည်ခင်တရားလွှတ်တော် ရှေ့နေ ဦးစိုင်းဏ္ဏဇော်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)