ဟိုမိန်းမြို့တွင် စာဖတ်ဝိုင်း ကျင်းပ

ဟိုမိန်း ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် စာပေဖတ်ရှုသူ အချင်းချင်း ရင်းနှီးမှုရှိစေရန်၊ စာပေဖတ်ရှုခြင်းမှတဆင့် လူငယ်လူရွယ်များ အသိပညာ ဖလှယ်နိုင်စေရန်၊ စာပေ ဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ အသိပညာ ဗဟုသုတ တိုးပွားရရှိစေရန် ရည်ရွယ်၍ စာရေးဆရာလယ်တွင်းသား စောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပန်းလိုနုနယ် ကလေးငယ် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်နှင့်လူငယ်(Youth Club) အဖွဲ့ဝင် များက စာရေးဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်တွင် ပါဝင်သည့် ကလေးနှင့်ပညာရေး ၊ ကျောင်းနေပျော်၍ စာတော်ပါစေ ၊ ကလေးနှင့်ကျောင်းထားချိန် ၊ မိဘဆရာရိုသေပါ ၊ ကလေးစာပေ တင့်ပါစေ စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)