ပင်လုံမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က (၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ဝေါမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)၌ ကျင်းပကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရွေတောင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ယမန်နေ့နံနက်(၁၀း၀၀) နာရီအချိန်က အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲ ကျင်းပခဲ့သည်။

ရွှေစက်တော်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး ကြိုတင်အသိပေးခြင်းနှင့် လွတ်လပ်သောသဘောထားရယူခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သောသဘောထားရယူခြင်း (Free Prior and Imformed Consent (FPIC) process for AHP nomination Initiatives) အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျောသီးနှံ (၁၀၂၀) ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျောသီးနှံ(၁၀၂၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။

ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပလျက်ရှိရာ ပထမအကြိမ် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ယမန်နေ့ နံနက် (၈) နာရီ အချိန်က ကျင်းပသည်။

နတ်မောက်မြို့နယ်၊ မရိုးတောကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် စည်သာကျေးရွာအုပ်စု မရိုးတောကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်တွင် စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ မွှန်းလွှဲ ၁နာရီအချိန်က စာဖတ်သူဝန်ထမ်းများ အချင်းချင်းရင်းနှီးမှုရှိပြီး စာဖတ်ခြင်း အလေ့အထအကျင့်ကောင်းများကို ရရှိစေနိုင်ရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် အတွေးအခေါ်ကောင်းများ ရရှိစေနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံမြေ သခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဖိတ်ကြားထားသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။
Subscribe to