ကလိန်အောင်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

‌တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဆရာအဆင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့မွန်းလွဲပိုင်းအချိန်က စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။

ကျွန်းစုမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)အာဟာရ ပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက ကတ္တလူအုပ်စု၊ ကတ္တလူကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားမှူးတာဝန်ကို စနစ်တကျ ဆောင်ရွက်တတ်စေရန် ဘူးသီးတောင်မြို့နယ်တွင် အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်သင်ကြား

ဝန်ထမ်းများ အခမ်းအနားမှူးအဖြစ် တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့တွင် ရပ်ကွက်များအလိုက် ဆေးထိုးစုရပ်ဖွင့်လှစ်၍ အသက် (၅) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများဖြင့်စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် (အ-ထ-က)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်( အ-ထ-က )ကျောင်းတွင် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က(လဲချား) ပုလဲဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ဆီဆိုင်မြို့နယ်၌ အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၆၀၀ စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
Subscribe to