ပင်လုံမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်

ပင်လုံ ဇွန် ၁၃     

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က (၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများမှ တစ်နှစ်ခွဲအောက်ကလေးများအား ဘီစီဂျီကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုသောက်ဆေး၊ ပြင်း​ထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် (ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးကာ ကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများကို ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပါသည်။

၎င်းပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းကို အပတ်စဥ် ကြာသပတေးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သ်ိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)