ရွှေတောင်မြို့နယ်တွင် အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲ ကျင်းပ

ရွှေတောင် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရွေတောင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ယမန်နေ့နံနက်(၁၀း၀၀) နာရီအချိန်က အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြည်ပြာခင်မှ အခွန်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် လက်ကိုင်ဖုန်း (Handset) များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ  မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြည်ပြာခင်က ပြန်လည်ဖြေကြားပေးခဲ့သည်။ ရှင်းလင်းဆွေးနွေးပွဲသိူ့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင်(၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်နှင့် လက်ကိုင်ဖုန်း (Handset)များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)