မိုးကုတ်မြို့နယ်တွင် စာဖတ်ဝိုင်း ပြုလုပ်

မိုးကုတ် ဇွန်၂၀

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ မွှန်းလွှဲ ၁နာရီအချိန်က စာဖတ်သူဝန်ထမ်းများ အချင်းချင်းရင်းနှီးမှုရှိပြီး စာဖတ်ခြင်း အလေ့အထအကျင့်ကောင်းများကို ရရှိစေနိုင်ရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် အတွေးအခေါ်ကောင်းများ ရရှိစေနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထား‌သော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများအနက် လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊ လူငယ်နှင့် သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့် တာဝန်သိမှု၊ လူငယ်နှင့် အလှအပ စသည့် ခေါင်းစဉ်အကြောင်းအရာများကို ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်ကြသည့် ကျန်ရှိဝန်ထမ်းများကလည်း ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းနှင့် မိမိတို့၏ အမြင်ကိုလည်း သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင်(ပြန်/ဆက်)