ခန္တီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအလယ်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအလယ်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂၇)ရပ်ကွက် အမှတ်(၄)လမ်းမကြီးအနီး သာစည်လမ်းဘေး၌ ကျင်းပခဲ့သည်။

ပင်လုံမြို့ရုံး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ပြသခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ အခမဲ့စာအုပ်များငှားရမ်းပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ဝန်ထမ်းများမှ မိမိရုံးသို့မလာရောက်နိုင်သော စာဖတ်ပရိသတ်များသို့ သုတ/ရသစာအုပ်များသယ်ဆောင်၍ ရွေ့လျားစာကြည့်တိုက်(Mobile Library)စနစ်ဖြင့် အခမဲ့စာအုပ်ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်တက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းအခြေပြု စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄)နှင့် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းစာအုပ်အား ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to