ဒေါ့ဖုန်းယန်မြို့၌ မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကလေးငယ်များရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အောက်တိုဘာ ၅ နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။