တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် မိုးစပါးများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး စာချုပ်ချုပ်ဆိုပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် မိုးစပါးများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့၊ သွင်းအားစုအစုအဖွဲ့နှင့်တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။