နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သွင်းအားစုကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို ကြာကန်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကွန်ဟိန်းမြို့၌ ကျင်းပ

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​​ပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာ​ပေး​ဟော​ပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအ​ခြေပြုဗဟိုပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယ​နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သုံးခွမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျောင်းသစ်ကျောင်း လောကမာရဇိန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၂၀၂၄ ခုနစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
Subscribe to