မင်းလှမြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအားအခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ဗန်းမော်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယ ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်လူ ထုအခြေပြုဗဟိုဌာန၌ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ ၊နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလ တန်းဆင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာ ကင်းထောက် သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံကင်းထောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၃၉၅ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ  ကောက်ယူပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်တွင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်တွင် လဲလူကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်တွင် မြေဩဇာကြဲပက်ခြင်းနှင့် မြေပြင်သာကျေးရွာ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေးကာ၊ နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား(မကွေး) လမ်းပိုင်းတွင် ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်က (လ ဝ က)မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။   
Subscribe to