သရက် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌Gender, CEDAW, NSPAW,UNSCR 1325 အသိပညာပေးဆွေးနွေးပွဲ ကို လူမှုဝန်ထမ်းဦးစီးဌာန သရက်ခရိုင် လူမှုဝန်ထမ်းရုံးတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာများမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်က Gender, CEDAW, NSPAW,UNSCR 1325 အကြောင်း ရှင်းလင်းပြောကြားရာတွင် အမျိုးသားနှင့် အမျိုးသမီးများအကြား လူမှုရေး(သို့)ယဉ်ကျေးမှုအရ ခွဲခြားဆက်ဆံမှု၊ ယောင်္ကျားပီသခြင်း၊ မိန်းမ ပီသခြင်း အယူအဆများအရ ကျင့်သုံးမှု (Gender)အကြောင်းများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW)အကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွဲ့စည်းသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ဖွဲ့စည်းရသည့် ရည်ရွယ်ချက်အကြောင်းနှင့်လုပ်ငန်းတာဝန်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏သိလို၍ မေးမြန်းသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(သရက်)