လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်(၇)နာရီ၌ အမှတ်(၈)ရပ်ကွက် ရန်ကုန်-ညောင်တုန်းလမ်းနှင့် ကျန်စစ်သား လမ်းထောင့် ရုံးရှေ့မီးပွိုင့်တွင် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ် ကျင်းပခဲ့သည်။ 

ဖွင့်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်တို့ကဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းခြင်း၊ အထောက်အကူပြုပစ္စည်းများဖြစ်သည့် အထိမ်းအမှတ်အင်္ကျီများ ဦးထုပ်များ၊ ပြက္ခဒိန်များအား ရပ်ကွက်ကျေးရွားသို့ ပေးအပ်၊ လက်ခံခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခြင်းနှင့် ပြည်သူအားလုံးပါ၀င်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်ပါသော လက်ကမ်းစာစောင်အား အများပြည်သူများထံသို့ အသိပညာပေး  ဖြန့်ဝေလျက်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် ရပ်ကွက်၊ ကျေးရွာစာရင်းကောက်ယူရေးအဖွဲ့၀င်များ ဌာနဆိုင်ရာများ စုစုပေါင်းလူဦးရေ (၂၅၀) ဦး  တက်ရောက်လျက်ရှိကြောင်း  သိရသည်။

ခင်ဝင်းမူ(ပြန်/ဆက်)