မက်မန်းမြု့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

မက်မန်း ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို   စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က ပြိုပွဲဝင်မည့်ကျောင်းသား/သူများကို စည်းကမ်းချက်များပြောကြားပြီး ကျောင်းသား/သူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် “ရှောင်လေဝေးဝေးမူးယစ်ဆေး” ခေါင်းစဉ်ဖြင့်  စာစီစာကုံးများကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်သော ကျောင်းသား/သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုရကျောင်းသား/သူများကို ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၆)ရောက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ဖျက်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုများအသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/သူ  (၅၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)