ဘားအံ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာတို့ပူးပေါင်း၍ ဘားအံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဘားအံခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်အေးမိစံနှင့် တာဝန်ရှိသူများက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ကျား/မ အခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်းအကြောင်းသိကောင်းစရာများနှင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များအား ဦးစီးဌာနအလိုက် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)