ခန္တီးမြို့နယ်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်လာပြီး ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ဦးစီးအရာရှိဒေါ်သန်းထိုက်အောင်က ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်၊ အခန်း(၁)ဘဏ္ဍာရေးစည်းမျဉ်းခေါင်းစဉ်မှ နောက်ဆုံးထုတ်လစာ လက်မှတ်(L.P.C)နှင့် ပတ်သက်သည်များကိုလည်းကောင်း၊ ခရီးစရိတ်နှင့်ပတ်သက်သည်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးရာ သိရှိလိုသည်များကို အငယ်တန်းစာရေး ဒေါ်ကျူးစတီးနားက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)