ဝေါ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိဘ/ဆရာအသင်းနှစ်ပတ်လည်အခမ်းအနားကျင်းပရခြင်းနှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်နိုင်ရေးကိစ္စများအတွက် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်သန်းနှင့် အ-ထ-က(ဝေါ)ကျောင်းမှ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘစုစုပေါင်း (၂၀၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)