ဆိပ်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

ဆိပ်ဖြူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ဒေသခံတောင်သူများအား မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပေးကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မိုးသီးနှံအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၂၀၀၀)ထုတ်ချေးရန် လျာထားဆောင်ရွက်လျှက်ရှိပြီး မိုးစပါးတစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေ (၁)သိန်းခွဲကျပ်၊ အခြားသီးနှံတစ်ဧကလျှင် (၁) သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးလျှက်ရှိသည်။ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်သူတောင်သူများအား သတ်မှတ်ရက်များအလိုက် ထုတ်ချေးပေးသွားမည်းဖြစ်ပြီး မိုးစပါးအတွက် လျာထားဧက(၄၀၀)၊ အခြားသီးနှံ လျာထားဧက(၁၄၀၀)ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူထံမှ ပြောကြားသိရှိရသည်။

စိုးလင်းနိုင်