ညောင်ဦး ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဘေးအန္တရာယ်ဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ညောင်ဦးမြို့နယ်၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်ကာ ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးခရိုင် စားသုံးသူရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့်သစ်ပင်များအား တာဝန်ရှိသူများကပေးအပ်ကြပြီး မိုးရာသီပျိုးပင်မျိုးစုံစိုက်ပျိုးပွဲတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦးနှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုဇင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက စိန်ပန်း၊ ကုက္ကို၊ မန်းကျည်းပင်များစိုက်ပျိုးကြရာ စုစုပေါင်း အပင်ရေ ၁၅၀ ပင်အား စိုက်ပျိုးခဲ့ကြောင်းသိရကာ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဒီပါလင်း