တံတားဦးမြို့နယ်တွင် မိုးနေကြာ(၅)ဧကအားမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် Self  Propeller  Boom  Sprayer ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲကျင်းပ

တံတားဦး ဇွန်  ၂၁

စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိရာ တောင်သူများစိုက်ပျိုးသော သီးနှံများ၏ အထွက်နှုန်းတိုးတက်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုးသည့် နည်းစနစ်များ လိုက်နာကျင့်သုံးရေး၊ ဝင်ငွေတိုးပွားရေးအတွက် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးရေး၊ တောင်သူကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ရေးစသည့် နည်းပညာများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃) စက်မှု လယ်ယာဦးစီးဌာနမှ ကျင်းပသော တံတားဦးမြို့နယ် စကားအင်းကျေးရွာ ကွင်းအမှတ်(၁၃၄၄)၊ ဦးပိုင်အမှတ်(၁၀၀/၃၀)၊ တောင်သူဦးဇော်မင်းဦး၏ မြေဧရိယာအတွင်း မိုးနေကြာအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် Self  Propeller  Boom  Sprayer ဖြင့်ဆေးဖျန်းခြင်း သရုပ်ပြပွဲ ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင့်ဇော်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြပြကြပြီး အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်သော နေကြမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် Self  Propeller  Boom  Sprayer ဖြင့်ဆေးဖျန်းခြင်းလုပ်ငန်းကို ကြည့်ရှုအားပေးရာ လိုအပ်သည်များကို တာဝန်ရှိသူများက လမ်းညွှန်မှုပြုခဲ့ကြောင်းသိရသည်။

နေကြာမျိုးစေ့များကို မျိုးစေ့ချကိရိယာနှင့် စိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်သားရှားမှုပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ခြင်း၊ ငွေကုန်ကျမှုနည်းပါးခြင်း၊ လုပ်သားဖြင့်စိုက်ပျိုးရာတွင် တစ်ရက်လျှင် (၂)ဧက နှုန်းသာပြီးစီးပါကြောင်း မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးပါက တစ်ရက်လျှင်(၁၀)ဧက ပြီးစီးပြီး မျိုးစေ့ကုန်ကျမှုအားဖြင့် တစ်ဧကလျှင်(၃)ပြည်သာကုန်ကျပါကြောင်း၊ ဒါ့အပြင် Self  Propeller  Boom  Sprayer ဖြင့်ဆေးဖြန်းပါက တစ်ရက်ကို ဧက(၃၀)ပြီးပါကြောင်း၊ ထို့အပြင် လုပ်သားဖြင့် ဖျန်းပါက တစ်နေ့ကို (၃)ဧကသာပြီးစီးပါကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)