ရှမ်းပြည်နယ်ဝန်ကြီးချုပ် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS)စနစ် ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပသည်။