မလှိုင်မြို့နယ် ဆပ်ခင်းကြီးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဝါဂွမ်းကပ်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေရယူ၍ (ဝါဂွမ်းကပ်)လုပ်ငန်းဆောင်ရွက်နေသည့် ဆပ်ခင်းကြီးကျေးရွာမှ ဝါဂွမ်းကပ်လုပ်ငန်းရှင် အစုအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က တွေ့ဆုံကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ပညာ့မဏ္ဍိုင်အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့နယ်တွင်   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် မြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ အသားဆိုင်များမှ သတ်မှတ်အသားဈေးနှုန်းများအတိုင်း အသားဝယ်ယူသူ ပြည်သူများ သန့်ရှင်းလတ်ဆတ်သော အသားများရရှိစေရေးအတွက် စေတုတ္တရာမြို့မဈေးကြီးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို  ယနေ့နံနက်ပိုင်း(၇)နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ကျောင်းကုန်းမြို့၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၌ ရောင်စုံမီးပုံးကလေးများနှင့် သီတင်းကျွတ်အခါတော် ဝါကျွတ်မီးပုံးအရုပ်များ ဝယ်ယူသူ များပြားလျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ပြည်တွင်းဖြစ် ရောင်စုံမီးပုံးကလေးများနှင့် ကလေးကစားစရာ မီးထွန်းအရုပ်များ ဝယ်ယူ များပြားလျက်ရှိကြောင်း ရောင်စုံမီးပုံးကလေးများနှင့် ရောင်စုံအရုပ် ထုတ်လုပ်ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျေးလက်တောင်သူများနှင့် ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာများ၌ ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းပိုင်းကြံ့ခိုင်မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to