မှော်ဘီ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ၂၀၂၄ ခုနှစ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ၏ ပထမအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၇နာရီကမှော်ဘီမြို့နယ်၊ 33/11kV10MVA တပ်ကြီးကုန်း ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌဦးအောင်ကျော်ဦး၊ ဒါရိုက်တာအဖွဲ့ဝင် (၂) ဦးစံဌေး၊ ဒါရိုက်တာ အဖွဲ့ဝင် (၃) ဦးမင်းစိန် ၊အမှုဆောင်အရာရှိ ချုပ်ဦးကျော်သူ၊ မြောက်ပိုင်းခရိုင်လျှပ်စစ်မန်နေဂျာနှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ လျှပ်စစ်မန်နေဂျာများ၊ ဝန်ထမ်းများမှ ကျွဲကောပင်၂၀ပင်၊ ပိန္နဲပင် ၂၀ ပင်၊ သရက်ပင် ၁၀ ပင် ၊ မန်ဂျန်ရှား ၁၂ ပင်၊ ကံ့ကော် ၂ ပင် စုစုပေါင်း (၆၄) ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလိုသာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်ချက်များဖြင့် မိုးရာသီစုပေါင်းသစ် ပင်စိုက်ပျိုးပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဇော် (မှော်ဘီ)