အင်းစိန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပန်း၊စာစီစာကုံး၊ကဗျာ၊ပုံပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

ရန်ကုန် ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို သိရှိနိုင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပန်း၊ စာစီစာကုံး၊ ကဗျာ၊ ပုံပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများကိုကျင်းပရာ ယနေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန Community Centreခန်းမတွင် ကျပန်းနှင့် စာစီစာကုံးပြိုင်ပွဲများကိုကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဘိုကြည်နှင့် အင်းစိန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်ဆွေရည်မြင့်တို့က အမွာစကားအသီးသီး ပြောကြားခဲ့သည်။

ထို့နောက် အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ မ်ားက ကျရာခေါင်းစဉ်များအလိုက် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ကဗျာနှင့်ပုံပြောပြိုင်ပွဲများကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသွားမည်ဖြစ်ရာ  ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှစ်သိမ့်ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇြဲထက္ကို (ပြန်/ဆက်)