မုံရွာခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ တန်ဖိုးမြှင့်သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မုံရွာ၊ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ နိုင်ငံခြားသွင်းကုန်အား ပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးဆောင်ရွက်နိုင်ရေး ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်း‌ဒေသကြီးအဆင့် ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကာ လက်ဖက်ရည်၊ မုန့်တို့ဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။

အဆိုပါသင်တန်းသို့ မုံရွာမြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူ (၂၈)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ ဆရာ ၊ ဆရာမများက တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ပေါင်မုန့်အမျိုးမျိုး၊ ကိတ်အမျိုးမျိုး၊ ယိုအမျိုးမျိုး စသည့်ဖြင့် အမျိုးပေါင်း(၂၀)ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တ တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)