တံတား ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ တံတားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့များပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦးစာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတက်သည့် အလေ့အကျင့်များရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် “လူငယ်နဲ့ တာဝန်ယူစိတ်” စာအုပ်ဖြင့် ယနေ့နံနက် (၁၁) နာရီအချိန်က စာဖတ်ဝိုင်းကိုပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “လူငယ်နဲ့ တာဝန်ယူစိတ်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် လူအများသည် ကိုယ့်တာဝန်ကိုယ်သိကြကြောင်း၊ “တာဝန်သိစိတ်” ရှိယုံဖြင့်မလုံလောက်သောကြောင့် “တာဝန်ယူစိတ်” ရှိရန်လိုအပ်ကြောင်း၊ တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်တက်ခြင်းသည် အောင်မြင်ခြင်း၏ အခြေခံကောင်းများဖြစ်ကြောင်း၊ တာဝန်ယူစိတ်ရှိသောသူကို “အဖိုးတန်လူ”ဟု လူ့အဖွဲ့အစည်းက သတ်မှတ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင် ဒေါ်အိမြတ်မွန်မှ “ကလေးနဲ့အနုပညာစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးဇေယျာထွန်းမှ “အင်္ဂလိပ်စကားပြောတက်ချင်သူများအတွက်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကာအတွေးအမြင်၊ အယူအဆ၊ စာပေဗဟုသုတများဖလှယ်ခဲ့ကြကြောင်း သိရသည်။
မိုးဖြူလွင် (ပြန်/ဆက်)