မှော်ဘီ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ဝါးလက်မှု ပစ္စည်းထုတ်လုပ်မှုအသက်မွေးဝမ်းကျောင်းသင် တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက် ၉နာရီက မှော်ဘီမြို့နယ် AfoCO RETC သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်က သင်တန်းဖွင့်မှာစကားပြောကြားခြင်း၊ AfoCO သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းမှကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းမှဒုတိယဥက္ကဋ္ဌ ဦးတင်ဦးမှကျေးဇူးတင် စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကိုဇွန်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၅) ရက်တာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား (၁၅) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ဝင်းဇော် (မှော်ဘီ)