ကရသူရိ ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းအကြောင်း၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်များ၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်ဆောင်ရွက်ပေး စသည်တို့ကိုဟောပြောသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်/ စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/သူများ စိတ်ဝင်တစား လေ့လာကြည်ရှုခဲ့ကြောင်း၊ အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)