တောင်ငူ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းနာယက ဦးကျော်လှနှင့် စာရေးဆရာများမှ စုပေါင်း၍ တောင်ငူမြို့နယ်၊ သျှားယားကုန်းကျေးရွာရှိ" ဒို့ကျေးရွာရွေ့လျားစာကြည့်တိုက်" သို့ အလှူငွေနှင့် သုတရသစာအုပ်များ စုပေါင်းလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ ဓါတုကလျာလမ်းရှိ သမာဓိဂေဟာ၌ ကျင်းပသည်။
ထိုသို့စုပေါင်းလှူဒါန်းရာတွင် ပဲခူးတိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းနာယက ဦးကျော်လှ (သမာဓိ)နှင့် ဆရာကြီး ဒေါက်တာမြသောင်း(သောင်းကေတု)တို့က သုတ၊ ရသစာအုပ်စာပေ၊ မဂ္ဂဇင်း(၃၀၀)အုပ်၊ စာရေးဆရာ ဦးရဲမြင့်(တောင်ငူဒေးဒေးဖိုး)က အလှူငွေကျပ်နှစ်သိန်းတိတိနှင့် သုတရသစာအုပ်များကို စုပေါင်းပေးအပ်လှူဒါန်းကြရာ စာကြည့်တိုက်မှူး ဒေါ်သီသီထွန်းက လက်ခံရယူပြီး အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အဆိုပါစာကြည့်တိုက်သို့ လှူဒါန်းလိုသူများသည် ဖုန်း ၀၉- ၇၉၅၅၈၁၁၉၅နှင့် ၀၉- ၆၉၃၃၆၅၅၅၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ဇော်ကိုကို (တောင်ငူ)