မန္တလေး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဧရာဝတီမြစ်၊ ကျွဲစွန်းဆိပ်ကမ်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ ခရိုင်ငါးလုပ်ငန်းတာဝန်ခံ ဒေါ်ဝေဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ သရက်ကုန်းစခန်း တာဝန်ခံ ဦးထွန်းနောင်ဝင်း၊ နတ်ရေကန်စခန်းတာဝန်ခံ ဒေါ်စန်းစန်းဦး၊ ရေနံ့သာစခန်း တာဝန်ခံ ဦးအေးလွင်နှင့် စခန်းဝန်ထမ်းများ တက်ရောက်ကြသည်။