ကံမမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်၊ မဒေးဝ အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊  စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယမန့်နေ့  နေ့လယ်(၁၂)နာရီက  အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ Community centre ခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များအား ကလေးသူငယ်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုများ မဖြစ်စေရေးအတွက် မှုခင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကချင်ပြည်နယ်၊ မိုးကောင်းမြို့ Community centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။

မင်းလှမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးမိတ်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Izal Kaeru Caravan) အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Izal Kaeru Caravan) အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြေပုံမြို့ မြောက်ပိုင်းရပ်ကွက်ရှိ ပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် လက်လီ ရောင်းချပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယမန်နေ့နံနက်(၈)နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ဆီဆိုင်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးသွားလုပ်သားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အတွက် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆီဆိုင်-တောင်ကြီး ပြည်ထောင်စုလမ်းမဘေး၊ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ် ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် စာရေးသူ၊ စာဖတ်သူ စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စာရေးသူ၊ စာဖတ်သူ စကားဝိုင်းဆွေး‌နွေးကျင်းပခဲ့သည်။

မြို့သန့်ရှင်းသာယာလှပရေးအတွက် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍  စဉ်ဆက်မပြတ် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် နတ်မောက်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်အတွင်း မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။         
Subscribe to