ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ စာရေးဆရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်စကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပတ်သက်၍ စာရေးဆရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိရပါတယ်-

တပ်ကုန်းမြို့၌ (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာမ ခင်ဆွေဦး ရေးသားထားသည့် “အင်ကြင်းရဂုံ” စာအုပ်ကို ယမန်နေ့ညနေပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

မုဒုံမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် စုပေါင်းရုံး၊ (၆) ထပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

လားရှိုးမြို့ ရွှေဧရာကိုယ်ပိုင်အထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက  ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လားရှိုးမြို့ ရွှေဧရာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဖျာပုံစာစစ်ဌာနတွင် ကျင်းပမည့် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲသို့ ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုမည်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆) လတစ်ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယခုလဇွန်(၂၉)ရက်နေ့တွင် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲအား ဧရာဝတီစာဖြေဌာန (၆) စာစစ်ဌာနအဖြစ် ဖျာပုံမြို့နယ်၊ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက် ကျင်းပသွားမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။

အုတ်ဖိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က အ.လ.က ချမ်းမြသာမြေ၊ ပြည်ထောင်စုခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့တွင် ၂၀၂၄ ခုနှစ် လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွဂ် ၂၀၂၄ ခုနှစ် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမှ လွိုင်လင်မြို့အဝဂ် တိုးဂိတ်အနီးတွင်ကျင်းပရာ လွိုင်လင်တပ်နယ်မှုး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ပြည်သူလူထုနှင့်အတူ သစ်ပင်စိုက်ပျိုးပေးပါသည်။

ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှု ပပျောက်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူရေး အထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မူးယစ်ဆေးဝါး အလွဲသုံးမှုပပျောက်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ လက်ကမ်းစာစောင်၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က စက်စက်ယိုကျေးရွာ (အ.မ.က - မူလွန်) ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာဖတ်ဝိုင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to