ရပ်စောက်မြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် တပ်မတော်အရာရှိများ၊ တောင်ကြီးခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ရပ်စောက်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ၊ စုစုပေါင်း (၂၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၈၈) ဦးအား သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။