အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ လက်ကမ်းစာစောင်၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်

ငါ့သရောက် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က စက်စက်ယိုကျေးရွာ (အ.မ.က - မူလွန်) ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာဖတ်ဝိုင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းများကို အသိပညာပေးဆောင်ရွက်ရာတွင် မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း၊ အခြားသိကောင်းစရာများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသား/ သူများနှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် ရသစာအုပ် (၇၀) အုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါ့သရောက် (ပြန်/ဆက်)