ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှု ပပျောက်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရွှေတောင် ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူရေး အထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မူးယစ်ဆေးဝါး အလွဲသုံးမှုပပျောက်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စာကြည့်များဖောင်းဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေက မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်ပတ်သက်၍ ဆိုးကျိုးများအကြောင်း အကျယ်အဝင့် ဟောပြောပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ရှိန်မြှင့်တင်ရေးတင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများအား စာပေဖတ်ရှုလေ့လာ ခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ စဥ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ သတင်းဆရာများအသင်း ဗဟိုအဖွဲ့ဝင် ဦးအောင်မြင့်မှ ပညာဖြင့်အသိပညာဗဟုသုတ ရရှိစေရေးတို့ကိုဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက ကျေးဇူးတင်စကားပြန်လည်ပြေကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)