လွိုင်လင် ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွဂ် ၂၀၂၄ ခုနှစ် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမှ လွိုင်လင်မြို့အဝဂ် တိုးဂိတ်အနီးတွင်ကျင်းပရာ လွိုင်လင်တပ်နယ်မှုး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ပြည်သူလူထုနှင့်အတူ သစ်ပင်စိုက်ပျိုးပေးပါသည်။
မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲသို့ တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ စစ်သည်များရဲမေများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ တက္ကသိုလ်ဆရာ/မများ၊ ကျောင်းသား/သူများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ကြသည်။ ဦးစွာ ခရိုဂ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ကြပြီး နောက်တပ်နယ်မှူးဦးဆောင်၍ သစ်ပင်များ တပျော်တပါးစိုက်ပျိုးကြသည်။ဆက်လက်၍ တပ်နယ်မှူးနှင့် တာဝန်ရှိသူများမှ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကြပါသည်။
ယနေ့ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ ၊ မျောက်ငို၊ ကျွန်း၊ ပျဉ်းကတိုး၊ ခါတော်မှီ၊ မန်ဂျန်ရှား၊ ယမနေ စသည့် ပျိုးပင်ပေါင်း ၂၀၀၀ ကို တက်ရောက်အင်အား (၆၅၀)ဦးတို့က တစ်ပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး (ပြန်/ဆက်)