ထားဝယ်မြို့တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ကိုယ်ကာယကြံခိုင်မှု အေရိုးဗစ်ပြိုင်ပွဲ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌စေရန်၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် အဖွဲ့အလိုက်စည်းလုံးညီညွတ်မှု ရရှိစေရန်အတွက် ဘာသာရပ်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲ၊ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို တက္ကသိုလ်အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ငါးလုံးကုန်းကျေးရွာအဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြင့် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ၊ တံတားများ တည်ဆောက်ခြင်း/ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ငါးလုံကုန်ကျေးရွာအဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်းတည်၌ စားသုံးသူများအတွက် သင့်တင့်မျှတသောရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်ပိုင်းမှစ၍ ရောင်းချပေးလျက်ရှိ​သည်။

ကျောက်ဆည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး စာပေဟောပြောပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မအခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး စာပေဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့မ အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သံလျှက်စွန်း၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲအခမ်းအနားအား ယနေ့နံနက် (၇) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်များပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက‌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်နှင့် စာအုပ်စာပေတွင် နှစ်သက်မွေ့‌လျော်ကာ ပညာရှာမှီးသူများဖြစ်လာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ(၂၄)ရက်နှင့်(၂၅)ရက်များတွင် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင်ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

တပ်ကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ချောက်မြို့နယ်၌ ကျောင်းအခြေပြုသံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းကို ကျောင်းအခြေပြုအခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to