မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးရေးအဖွဲ့များ ရှောင်တခင်စစ်ဆေး
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တာဝန်ရှိသူများပါဝင်သော စစ်ဆေးရေးအဖွဲ့က ယမန်နေ့မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။