ရွှေတောင် ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အ.မ.က(ကမ်းနား)ကျောင်းနှင့် အ.မ.က(သဲတန်း) ကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူများအားအာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နွားနို့ တိုက်ကျွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက ကျောင်းသား/ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ( ၁၁၇) ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး အဆိုပါ အခြေခံပညာမူလတန်းကျောင်း(၂) ကျောင်းကို နို့ပိဿာချိန် (၂၆) ပိဿာချိန်တိုက်ကျွေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)