စစ်ကိုင်းမြို့တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

စစ်ကိုင်းမြို့တွင် (၃၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် ရေထွက်ကုန်ပစ္စည်း တရားမဝင်တင်ပို့မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများ တရားမဝင်တင်ပို့မှုမရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရေလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ချောင်းဆုံမြို့နယ်တွင် အပူချိန်ထိန်းညှိနည်းပညာ တိုးတက်ရေးအလေးထား ဆောင်ရွက်ပေး (Talk Show) ကျင်းပ

ချောင်းဆုံမြို့နယ်တွင် အပူချိန်ထိန်းညှိနည်းပညာ တိုးတက်ရေးအလေးထား ဆောင်ရွက်ပေး (Talk Show) ကျင်းပ ချောင်းဆုံ ဇွန် ၂၆ ဦးကျော်ကျော်အောင်(စာထောက်-၃)

မရမ်းကုန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၄) သင်တန်းဆင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၄)သင်တန်းဆင်းပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒဂုံဧရာကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(အတွင်းရေးမှူး)၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်)နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

စကုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to