မိုင်းခတ် ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာရေးဝန်ထမ်းမွမ်းမံသင်တန်းနှင့်ပတ်သက်၍ မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာ၌ “မိုင်းခတ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် စာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲပြဿနာများနှင့် လိုအပ်ချက်များအား မိမိတို့ထံ ရင်းနှီးပွင့်လင်းစွာတင်ပြနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အခက်အခဲများနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိုင်းခတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်သလို လူနေမှုအဆင့်အတန်းများလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)