ပင်းတယမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနည်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပင်းတယ ဇူလိုင် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျုံး(စံပြ)ကျေးရွာအခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပင်းတယမြို့နယ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ အားလပ်သည့်အချိန် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း ဗဟုသုတရရှိစေရန် လေ့လာဖတ်ရှုစေကြရန်" ဘဝအတွက်စာများများဖတ်ပြီး အနာဂတ် တိုးတက်အောင်ဆောင်ရွက်စို "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က" ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု " ခေါင်းစဉ်ဖြင့် အသီးသီးအသိပညာပေးပြောကြား‌သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သည့် နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)