တံတားဦးမြို့နယ်တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေး

တံတားဦး ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များကို (၅)မျိုးစပ် ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား မေးခိုင်ကာကွယ်ဆေးထိုးနှင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ သံဃာ့ဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးရာတွင် မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား BCG(၅)မျိုးစပ်ကာကွယ်ဆေး၊ PVC ပိုလီယို ဂျပန်ဦးနှောက်ယောင်ကာကွယ်ဆေး၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ကိုယ်ဝေန်ဆောင်မိခင်လောင်းများအား မေးခိုင်ရောဂါကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကလေးငယ်များ၏ မိဘများနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ပေးနိုင်သည့် ရောဂါများအကြောင်းနှင့် အကျိုးကျေးဇူးများအကြောင်းတို့ကို ကျန်းမာရေးဦးစီးဌာနမှ ဝန်တာရှိသူတစ်ဦးက  အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း တံတားဦးမြို့ပေါ်ရပ်ကွက် အမှတ်(၁၊ ၂၊ ၃)တို့မှ အသက်(၁)ခွဲအောက် ကလေးငယ်(၆၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင်လောင်း(၂၇)ဦးနှင့် ကာကွယ်ဆေးများကို လစဉ်(၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်အတူ ကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်းများကလည်း  ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)